ဓမ္မစကားနေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက်၏

Sunday 28 September 2008

ဝတ်ပြုဆုတောင်း ကုသိုလ်ယူနေကြသူများ

ကြည်ညိုဖွယ်ရာ ဘုရားခန်းလေး( ၂၈.၉.၂၀၀၈)

Tuesday 19 August 2008

ကြည်ညိုဖွယ်ရာ MIET ကျောင်းသားဆောင်ကဘုရားခန်းလေး

Monday 18 August 2008

MIET တက္ကသိုလ်အပတ်စဉ်ဘုရားခန်း ၀တ်ပြုဆုတောင်းအစီအစဉ်

ကျွန်တော်တို့ MIET ကျောင်းတွင်..ဘုရားခန်းတခန်းထားရှိထားပါသည်..မည်သူမဆိုလာရောက်၍ ဘုရားရှိခိုးဝတ်တက်ခြင်းများပြုလုပ်ရန် လာနိုင်ကုသိုလ်ယူနိုင်ကြပါသည်...ဘုရားခန်းဝေယျုာဝတ်စကိုလည်း
သာသနာရေးကော်မတီဖွဲ့စည်းပေးပြီး နေ့စဉ်ဆွမ်း ၊ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်လျှက်ရှိပါသည်...
အပတ်စဉ်သောကြာနေ့ ည၁၀နာရီမှ ၁၁နာရီအထိ ဘုရားခန်းဝတ်ပြုဆုတောင်းခြင်းများကို မပျက်မကွက်
ပြုလုပ်ဆောင်ရွှက်လျှက်ရှိပါသည်...မိမိတို့ဝတ်ပြုဆုတောင်းပြုလုပ်ပုံကို နိုင်ငံခြားရောက်မြန်မာများနှင့်
ရုရှားမှ ညီအကို ကျောင်းသားများအတုယူနိုင်စေရန် တင်ပြခြင်းဖြစ်ပါသည်.........






Tuesday 5 August 2008

ဝါဆိုလပြည့်

ဇူလိုင်လ ၁၇ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၈ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေချမ်းတွင် ဗာရာဏသီပြည် မိဂဒါဝုန်တောအုပ်အတွင်းမှာ ဂေါတမဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးဦးကို တရားဦး ဟောတော်မူတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဟောကြားတော်မူခဲ့တဲ့ တရားတော်ကတော့ သတ္တ၀ါတို့၏ ဉာဏ်ပညာ မျက်လုံးတွင် ကိလေသာတိမ်သလ္လာ ဖုံးလွှမ်းနေသောကြောင့် အဆက်မပြတ် အမြဲဖြစ်နေသော်လည်း မသိကြသည့် အမှန်တရားအား စတင်ဖော်ထုတ် သိမြင်စေခဲ့တဲ့ ဓမ္မစက္ကပ၀တ္တနသုတ်တော်ပဲ ဖြစ်ပါတယ်။ အဲဒီ တရားတော်မှာ အနှစ်သာရအားဖြင့် အချက် ၃ ချက် ပါဝင်ပါတယ်။ (၁) ရှောင်ရန် အစွန်းနှစ်ပါး၊ (၂) ကျင့်ကြံရန် အလယ်လမ်း၊ (၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါးတို့ပဲ ဖြစ်ပါတယ်။

စိတ်ဓါတ်၊ အကျင့်နှင့် အသိကို ပျက်စီးစေသော ရှောင်ရန် အစွန်းနှစ်ပါး - The Two Extremes to Avoid

  • ကာမဂုဏ်များနှင့်ပျော်ပါးခြင်းဟူသော အစွန်းရောက်အကျင့်များ (Sensual indulgence)
  • မိမိကိုယ်ကို နှိပ်စက်ညှည်းပန်းခြင်းဟူသော အစွန်းရောက်အကျင့်များ (Self-mortification)

လိုက်နာကျင့်သုံးရန် မဇ္ဈိမပဋိပဒါအလယ်လမ်း - Buddha’s Middle Way – The Path of Moderation

  • ကိုယ်နှုတ်နှစ်ပါးအား လွန်ကျူးမှုမရှိအောင်ထိန်းသော ကိုယ်နှုတ်စည်းကမ်း - သီလ (Moral Conduct)
  • စိတ်သောင်းကျန်းမှု၊ လွန်ကျူးမှု၊ ပြစ်မှားမှုတို့အား ထိန်းသည့် စိတ်စည်းကမ်း - သမာဓိ (Concentration)
  • စိတ်အတွင်းပိုင်းအထိ အမြစ်တွယ်ကပ်နေသော ကိလေသာ အညစ်အကြေးများ ဆေးကြောသန့်စင်သည့်နည်းလမ်း - ပညာ (Wisdom) ဟူသော အနှစ်သာရ သုံးခုနှင့် နည်းလမ်း ရှစ်ခု ပါဝင်ပေသည်။

ထိုးထွင်းသိမြင်ရန် သစ္စာအမှန်တရားလေးပါး - The Four Noble Truths

(၁) ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးသည် ဆင်းရဲခြင်းအမှန် - ဒုက္ခသစ္စာ (Life Means Suffering)
ခန္ဓာ၏ ဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ ဖောက်ပြန်ခြင်း၊ နှိပ်စက်ခြင်း၊ အလိုမပြည့်ခြင်း၊ ချစ်သောသူနှင့် ကွဲကွာရခြင်း၊ မုန်းသောသူနှင့် လက်တွဲရခြင်းစသည်တို့သည် ရုပ်နာမ်တို့၏ ဆင်းရဲတတ်သည့် သဘာဝအမှန်ဖြစ်သည်။
Birth, aging, illness, death, sorrow, lamentation, pain, grief, despair, not to get what one wants, union with whatis dispeasing, separation from what is pleasing are the life’s true natures of suffering.
(၂) တဏှာသည် ဆင်းရဲကြောင်းအမှန် - သမုဒယသစ္စာ (Origin of Suffering is Attachment)
ကာမ၊ ခန္ဓာ၊ ဘ၀တို့၌တပ်မက်သော တဏှာနှင့် ဘ၀မရှိဟူသော ၀ါဒတို့၌ စွဲလမ်းတက်မက်သော တဏှာတို့သည် ဆင်းရဲခြင်းကို ဖြစ်စေသော အကြောင်းသဘော အမှန်ဖြစ်သည်။
Craving for sensual pleasures, existence and for non-existence is the cause of renewed existence.
(၃) ထိုတဏှာချုပ်ခြင်းသည် ဒုက္ခချုပ်ငြိမ်းကြောင်းအမှန် - နိဂြောဓသစ္စာ (Suffering’s Cessation)
Cessation of suffering is the giving up, relinquishing of and nonreliance on the craving.
(၄) မဂ္ဂင်ရှစ်ပါး အကျင့်တရားတို့သည် နိရောဓသို့ရောက်ကြောင်းအမှန် - မဂ္ဂသစ္စာ (Way to the Cessation of Suffering)
The Noble Eightfold Path is the way leading to the cessation of suffering.

မဂ္ဂင်ရှစ်ပါး (The Noble Eightfold Path) ဆိုသည်မှာ…

(၁) သမ္မာဒိဋ္ဌိ - မှန်စွာသိမြင်မှု (The Right Understanding)
အရှိကို အရှိအတိုင်းသိ၍ ငါစွဲပျောက်သည့်အမြင်သည် အမြင်မှန်အားလုံး၏ အခြေခံ ဖြစ်သည်။

(၂) သမ္မာသင်္ကပ္ပ - မှန်စွာကြံစည်မှု (The Right Thinking)
ငါ့အတွက် မကြံ၊ ကောင်းကျိုးသယ်ပိုးရန်၊ ဆင်းရဲသူတို့အား ကူညီစောင့်ရှောက်ရန် ကြံစည်ခြင်းသည် မှန်သောအကြံ ဖြစ်ပေသည်။

(၃) သမ္မာဝါစာ - မှန်စွာပြောဆိုခြင်း (The Right Speech)
မှန်ကန်၊ ရိုးသား၊ ယဉ်ကျေး၍ ညီညွတ်မှုကိုအားပေးသော၊ အများလက်ခံနိုင်သောစကားအား ပြောခြင်းသည် မှန်စွာပြောခြင်း မည်ပေသည်။

(၄) သမ္မာကမ္မန္တ - မှန်စွာလုပ်ဆောင်ခြင်း (The Right Action)
သူတစ်ပါး၏ အသက်အိုးအိမ်အား ကာကွယ်စောင့်ရှောက်ခြင်း၊ သူတစ်ပါးကြီးပွားတိုးတက်ရေးအား ပြုခြင်း၊ ကိလေသာ ကာမဂုဏ်တို့အား လူမှုကျင့်ဝတ်တို့ဖြင့် စနစ်တကျ ထိန်းသိမ်းထားခြင်းတို့သည် မှန်ကန်သော ကိုယ်အမူအရာ ဖြစ်ပေသည်။

(၅) သမ္မာအာဇီဝ - မှန်စွာအသက်မွေးခြင်း (The Right Livelihood)
သူ့အသက်အား သတ်ဖြတ်ညှင်းပန်းခြင်း၊ အဆိပ်လက်နက်၊ အသားစားသတ္တ၀ါ၊ မူးယစ်ဆေးဝါး၊ လူ (ပြည့်တန်ဆာ၊ ကျွန်) အရောင်းအ၀ယ်ပြုခြင်းဟူသော မမှန်ကန်သည့် အသက်မွေးခြင်းများအား ရှောင်ကြဉ်ခြင်းသည် မှန်စွာအသက်မွေးခြင်း မည်ပါသည်။

(၆) သမ္မာဝါယာမ - မှန်စွာအားထုတ်ခြင်း (The Right Effort)
မဖြစ်သေးသည့် ကိလေသာများအား မဖြစ်လာစေရန်၊ ရှိနေသော ကိလေသာ အကျင့်ဆိုးများအား အကြွင်းမဲ့ ပယ်ရှားနိုင်ရန် ကြိုးစား အားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ဖြစ်သည်။

(၇) သမ္မာသတိ - မှန်စွာမှတ်ရှုခြင်း (The Right Mindfulness)
ကိလေသာရန်သူနှင့် ဒုစရိုက်အကျင့်ဆိုးများ ကိုယ်နှုတ်စိတ်အမှုအရာများသို့ မ၀င်လာစေရန် ကာကွယ်စောင့်ကြည့်ထားခြင်းသည် မှန်စွာ မှတ်ရှုခြင်း ဖြစ်ပေသည်။

(၈) သမ္မာသမာဓိ - မှန်စွာတည်ကြည်ခြင်း (The Right Concentration)
တောမျောက်ကဲ့သို့ ပရမ်းပတာ ပြန့်ကျဲပြေးလွှားနေသည့်စိတ်အား တည်ငြိမ်စေရန် အာရုံကောင်းတစ်ခုအပေါ်တွင် စည်းကမ်းတကျ ထိန်းထားနိုင်ခြင်းသည် မှန်ကန်စွာတည်ကြည်ခြင်း ဖြစ်ပါသည်။

သီလ၊ သမာဓိနှင့် ပညာဟူသော မဇ္ဈိမပဋိပဒါအလယ်လမ်း၏ အနှစ်သာရသုံးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့အကြား ဆက်စပ်ပုံမှာ

သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပတို့သည် ပညာမည်ပေသည်။ သမ္မ၀ါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝတို့သည် သီလပင်ဖြစ်ကာ သမ္မာဝါယာမ၊ သမ္မာသတိနှင့် သမ္မာသမာဓိတို့သည် သမာဓိတရားများ ဖြစ်ပါသည်။

မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာသည် သီလ၊ သမာဓိ၊ ပညာပင် ဖြစ်ပါသည်။ ထိုအလယ်လမ်း အကျင့်မြတ်အား ကျင့်ကြံခြင်းဖြင့် ဒုက္ခသစ္စာအား ထိုးထွင်းသိမြင်၊ သမုဒယသစ္စာအား ပယ်ရှား၍ နိဂြောဓသစ္စာသို့ စိုက်ရောက် မျက်မှောက်ပြုနိုင်ကြမည် ဖြစ်ပါသည်။

Friday 1 August 2008

စာအုပ်လင့်များ

စာအုပ်စာပေလူ့မိတ်ဆွေ

Thursday 1 May 2008

မြတ်ဗုဒ္ဓ၏ ၀ါကျွတ်မိန့်ခွန်း


ပထမဆုံးဝါကျွတ်ချိန်မှာ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော် ဖြစ်ပါတယ်...
ဗုဒ္ဓဘာသာထက် စောတဲ့ ဘာသာနှစ်ခု ဖြစ်တဲ့ ဟိန္ဒူဘာသာနဲ့ ဂျိန်းဘာသာ...
အဲဒီ ဘာသာတွေမှာ ခရီးသွားပြီး သာသနာပြုတာ ဂျိန်းဘာသာပဲ ရှိတယ်...
ခရီးသွား သာသနာလုပ်ငန်းကို စနစ်တကျ စတင်တဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်တယ်...
မြစ်ထဲ ချောင်းထဲမှာ စီးဆင်းနေတဲ့.. သွားနေတဲ့ရေမှာ အညစ်အကြေး မရှိနိုင်ဘူး...
မပြတ်ခရီးသွားနေတာဟာ မပြတ်စီးနေတဲ့ ရေလို ဖြစ်ပါတယ်...
တစ်ခုခု ပိတ်ဆို့နေလို့ ရပ်တန့်နေတဲ့ ရေမှာ အညစ်အကြေးတွေ ရှိနေနိုင်တယ်...
("စီးနေတဲ့ ရေဟာ ကြည်တယ်.. သွားနေတဲ့ ဘုန်းကြီးဟာ သန့်ရှင်းတယ်..." - )
မြတ်ဗုဒ္ဓဟာ ဘုရားဖြစ်ပြီး (၄၉)ရက်သာ အနားယူခဲ့ပြီး၊ မရပ်မနား ခရီးသွားခဲ့တာ ပရိနိဗ္ဗာန်ဝင်စံခါနီး အချိန်မှ ရပ်နားခဲ့တာ ဖြစ်ပါတယ်...
ရဟန်းတို့ ခရီးထွက်ကြ.. အကျိုးမဲ့ သွားဖို့မဟုတ်ဘူး...
အများအကျိုးရှိအောင် ခရီးထွက်ကြ...
များစွာသော သတ္တ၀ါတွေ အကျိုးဖြစ်ဖို့ လူအများချမ်းသာစေဖို့ ခရီးထွက်ကြ...
လောကကို အကျိုးရှိစေချင်၊ ချမ်းသာရာ ရစေချင်တဲ့ စိတ်နဲ့ ခရီးသွားကြ၊ နှိပ်စက်ဖို့ ခရီးမသွားနဲ့ ...


မြတ်ဗုဒ္ဓက ၀ါကျွတ်ချိန်မှာ "အမတ" စည်ကို တီးလိုက်ပြီ... နိဗ္ဗာန်တံခါးကို ဖွင့်လိုက်ပြီ...
မျက်လုံးရှိတဲ့ သူတွေ မြင်လိမ့်မယ်၊ နားရှိတဲ့ သူတွေကြားလိမ့်မယ်...
ဥာဏ်မျက်လုံး ဥာဏ်နားကို ပြောတာ ဖြစ်တယ်...
မြတ်ဗုဒ္ဓက အကန်း ကမ္ဘာမှာ "နိဗ္ဗာန်လမ်း"ကို ပြတယ်.. အပင်းကမ္ဘာမှာ "အမတစည်"ကို ထုတယ်..
အသံကြားရုံနဲ့ တရားနာတယ် မခေါ်နိုင်ဘူး...
ဓမ္မဆိုတာ ဘာလဲလို့ သိသွားဖို့ရယ်... အဲဒီအသိကို ဆောင်ထားဖို့
ဆောင်ပြီးရင် ကိုယ်နှုတ်စိတ်နဲ့ တစ်ထပ်တည်းဖြစ်အောင် ကျင့်သုံးဖို့ အဲဒါ အရေးကြီးတယ်...
မြတ်ဗုဒ္ဓက သာသနာပြုတဲ့ အလုပ်ကို ခရီးသွားပြီးပြုခိုင်းခဲ့တယ်...
(ကျောင်းထိုင်ကြဟေ့ ဆိုတဲ့ စာသား ဘုန်းကြီးရှာတုန်းဘဲ...)
ရောက်တဲ့ နေရာမှာ ဓမ္မ ကိုဟောကြ...
(အဓမ္မတွေ သွားမပြောကြနဲ့ ဆိုတဲ့ အဓိပ္ပါယ်မျိုးလည်း ယူနိုင်တယ်...)

လူတိုင်းဟာ သေရမှာ ကြောက်ကြတယ်...
အသတ်ခံရသူတွေ သေရမှာ ကြောက်သလို...
သတ်တဲ့သူတိုင်းလည်း သေရမှာ ကြောက်တဲ့ သူတွေချည်းပါပဲ..
ဒါကြောင့် တစ်ယောက်ကို တစ်ယောက်မသတ်ကြနဲ့ ...
ကြောက်နေတဲ့ လူတစ်ယောက်ကို ကြောက်နေတဲ့ လူတစ်ယောက်က မသတ်ကြနဲ့...

ဒါမြတ်ဗုဒ္ဓရဲ့ ဟောကြားချက် တစ်ခုပါပဲ...
မြတ်ဗုဒ္ဓဟာ ကလေးကို ကလေးအရွယ်အလိုက်၊ လူကြီးကို လူကြီးအလိုက် အဆင့်အတန်းအလိုက် နားလည်အောင် ဟောကြားတော်မူခဲ့ပါတယ်...
ဓမ္မဆိုတာ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်များ အားလုံးဖြစ်ပါတယ်...


"ဓမ္မ" ရဲ့ ဂုဏ်သုံးပါး

အစကောင်း အခြေခံကျကျကောင်း၊ အလယ်အလတ်ကောင်း အဆင့်အမြင့်မြင့်ကောင်းခြင်းဆိုတဲ့
ကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ "ဓမ္မ" ကိုပြောကြ...

"သီလ" ဆိုတာ စည်းကမ်းပါပဲ..
Universal Discipline - "လောက လူသား အားလုံး လိုက်နာသင့်တဲ့ စည်းကမ်းများ ဖြစ်ပါတယ်..."
စည်းကမ်းကို ထိန်းနိုင်သူတွေဟာ ပြစ်မှုတွေ မကျုးလွန်တဲ့ လူကောင်းတွေ ဖြစ်လာမှာ ဖြစ်တဲ့ အတွက်...
လူတိုင်းအတွက် "ကာယကံ၊ ၀စီကံ" လွန်ကျုးမှုတွေ ဖြစ်မလာအောင်...
"သီလ" ဆိုတဲ့ အခြေခံ ကို အရင်ဟောကြ...

ဒီထက် တတ်နိုင်တဲ့ သူတွေ လေ့ကျင့်လို့ရအောင်... စိတ်စည်းကမ်းရှိလာအောင်..
စိတ်ထဲမှာ လွန်ကျုးမှု၊ သောင်းကျန်းမှုတွေ ဖြစ်မလာအောင်၊ ငြိမ်သွားရအောင်၊ ဖြောင့်ဖြောင့်ထား နိုင်အောင်၊ ဖြောင့်မတ်သူ လူကောင်းတစ်ယောက် ဖြစ်လာအောင်...
သမာသမတ်ကျတဲ့ လူတစ်ယောက် ဖြစ်လာအောင်၊ စိတ်ပေါ်မှာ ဖြစ်တဲ့ နိဝရဏ တွေကင်းလာအောင်၊ တနည်းအားဖြင့် "သမာဓိ" ဖြစ်လာအောင်၊ လေ့ကျင့်တဲ့နည်းသင်ပေးကြ.. ဒါဒုတိယ အဆင့်
စိတ်ကို ထိန်းပြီး ဖြောင့်ဖြောင့်ထားနိုင်ရင် သမာဓိ ရှိလာမယ်..

အဆုံးတိုင် ကောင်းတာ ပညာ...
ပ = အသေးစိတ် တိတိကျကျ...
ညာ = သိခြင်း နားလည်ခြင်း...
Understanding In Detail ဖြစ်ဖို့ အရေးကြီးတယ်...
ပညာ ဆိုတာ မိမိကိုယ်ကို ကောင်းကောင်းနားလည်အောင် လေ့ကျင့်ကြဖို့ အရေးကြီးတယ်...
အောင်မြင်သွားရင် နှလုံးသားမှာ စွဲနေတဲ့ ကိလေသာ အညစ်အကြေးတွေ ကင်းစင်သွားမယ်...
အဲဒီလိုစွဲနေတဲ့ စိတ်အညစ်အကြေးတွေကို ကင်းအောင်လုပ်ဖို့က...
သီလနဲ့ မရဘူး.. သီလက ကာယကံ ၀စီကံပေါ်မှာပဲ ရှိတယ်...
သမာဓိက စိတ်အပေါ်မှာပဲ ရှိတယ် သမာဓိနဲ့လည်း မရဘူး...
စိတ်အဆင့်အတန်း မြင့်အောင် စိတ်သန့်ရှင်းအောင် ခန္ဓာထဲ နှိုက်ပြီး
ငါဘာကောင်လဲဆိုတာသိအောင် "ပညာ" ကျင့်စဉ်နဲ့ ပယ်ရမယ်...

"ဓမ္မ" ဆိုတာ လူ့ဘ၀ကို အဆင့်အတန်းမြင့်အောင် အဆင့်မြှင့်ပေးတဲ့ နည်းစနစ်မျိုး...
သီလကျင့်ရင် Good သမာဓိကျင့်ရင် Right
ပညာကျင့်ရင် အနုသယ အညစ်အကြေး အကုန်ထွက်သွားတဲ့ အတွက် Noble...
ကာယကံ ၀စီကံ အကျင့်ကောင်းရင် Good လောက်ပဲ ရမယ်...
သမာဓိ ကောင်းရင် Right ဖြစ်လာပြီး...
ပညာ ကောင်းမှ Noble ဖြစ်လာမယ်...

မြတ်ဗုဒ္ဓဟောတဲ့ ဓမ္မက လူမှာပဲ လာစုတယ်...
အဲဒါကြောင့် ဓမ္မက လူသာ ပဓာနတရား...
Religion ဆိုတာကတော့ God သာ ပဓာနတရား...

"ဓမ္မ" နဲ့ Religion ခြားနားမှုကို ကောင်းစွာ သိဖို့ အရေးကြီးတယ်...
ဗုဒ္ဓရဲ့ နည်းစနစ်တွေဟာ အရှိအတိုင်း ကိုယ်နှုတ်နဲ့စိတ် တစ်ထပ်တည်းကျအောင် ကျင့်ရတဲ့ တရားတွေဖြစ်တယ်...
ကိုယ်နှုတ်စိတ် သုံးပါး တစ်ထပ်တည်း နေအောင်ကျင့် နိုင်ကြပါစေ...
သီလ၊ သမာဓိ၊ ပညာ အဆင့်ဆင့် ကျင့်စဉ်တွေနဲ့ ဘ၀ကို မြှင့်တင်နိုင်ကြပါစေ...


အခုဖော်ပြထားတာတွေက တချို့တ၀က်မျှသာ ဖြစ်ပါတယ် ..
ဆရာတော် ဟောကြားထားတာက အများကြီးပြည့်စုံပါတယ်..
ဖော်ပြထားတာတွေမှာ
တစ်ခုခု အမှားအယွင်းများပါရှိခဲ့ရင်
ကျွန်တော့်ဘက်က ချွတ်ယွင်းချက်သာ ဖြစ်ပါတယ်...
အမှတ်မလွဲရအောင်
ဖတ်ပြီးသွားရင် တရားတော်ကို ရယူနာကြား စေချင်ပါတယ်
-"မြတ်ဗုဒ္ဓ၏ ၀ါကျွတ်မိန့်ခွန်း" တရားတော် - ရယူနာကြားနိုင်ရန်

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို
တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....